ဘဝဆိုတာBusကားတစ်စီးဆိုပါတော့
ကံတရားဆိုတာက အဲဒီ Bus ကားပေါ်မထင်မှတ်ပဲ
အတူတူတတ်လိုတ်မိတဲ့ခရီးသည်တွေ
ခွဲခွာချင်းဆိုတာက တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်
ရည်မှန်းချက်မတူပေမယ့်
ဆင်းတဲ့နေရာဖြစ်တဲ့မှတ်တိုင်
တွေ့ဆုံမှုဆိုတာကအတတ်အဆင်းတွေများလဲ
busကားပေါ်မှာတယောက်ဆင်းတယောက်တတ်
တွေနဲ့ကိုယ်နဲ့ခရီးမတူပေမယ့်
ခဏတာတွေ့ဆုံရတဲ့သူတွေ
ရေစတ်ဆိုတာက
ကိုယ်နဲ့တခါမှမသိပေမယ့်
ကိုယ်ဆင်းမယ့်
မှတ်တိုင်မှာမထင်မှတ်ပဲလိုတ်ဆင်းဖြစ်တဲ့သူတွေ
ရည်မှန်းချက်မတူပေမယ့်
Busကားဦးတည်ချက်ကတော့
ဂိတ်အစဂိတ်အဆုံးဆွဲနေမှာပဲ
ကားပေါ်မှာတွေ့တဲ့သူတွေကကောင်းတဲ့သူတွေလဲ
ပါမယ် ဆိုးတဲ့သူတွေလဲပါမယ်
အကျင့်ကောင်းတာအကျင့်ယုတ်တာ
လူပေါင်းစုံပါပဲ
မိဘဆွေမျိုးတွေလဲပါမယ်
မောင်နှမတွေလဲအမှတ်မထင်ဆုံတာတွေလဲပါမယ်
ဆရာကောင်းသမားကောင်းတွေလဲပါမယ်
သူငယ်ချင်းကောင်းမိတ်ဆွေဆိုးတွေလဲပါကောင်းပါနိုင်တယ်
တချို့တွေကကိုယ့်အတွက်လက်တွဲဖော်ဖြစ်နိုင်တာတွေတွေ့ကောင်းတွေ့နိုင်တယ်
အမှတ်မထင်လမ်းခွဲလိုတ်ရတာတွေလဲပါမယ်
အမျိုးစုံပါပဲ
ဘဝဆိုတဲ့Busကားကြီးပေါ်စီးလာခဲ့တာ
အခုဆိုမှတ်တိုင်တော်တော်များများကျော်ခဲ့ပြီးပါပီ
ခရီးအတူသွားနေတဲ့သူတွေရှိသလို
တချို့တွေကလဲမှတ်တိုင်ရောက်လို့ဆင်းသွားတဲ့သူတွေ ကိုယ်သွားချင်တဲ့မှတ်တိုင်နဲ့တူတဲ့နိုင်သူတွေ
အမှတ်မထင်ကြားမှတ်တိုင်တခုကတတ်လာပြီးအချိန်တခဏတာအတွင်းခင်မင်ခဲ့တဲ့ဆရာသမားတွေ
မိတ်ဆွေတွေသူငယ်ချင်းတွေ
ဆိုးတူကောင်းဖတ်အခုချိန်ထိ
တစ်ကားတည်းစီးဖြစ်နေတဲ့သူတွေကိုလဲမေ့ထားလို့မရတဲ့အပြင်
နောက်ထပ်မှတ်တိုင်တွေမှာအမှတ်မထင်တတ်လာမယ့်ခရီးအကွာအဝေးတူမတူဘယ်သူတွေနဲ့ထပ်ကြုံမယ်
ဆိုတာလဲအတိအကျမသိနိုင်သေးပါ…