“One day, you’ll leave this world behind So live a life you will remember” နားထောင်မိတိုင်း ကိုယ့်ကိုအမြဲအတွေးနဲ့သတိတခုပေးနေတဲ့စာသားလေး ရိုးရိုးရှင်းရှင်းပါပဲ တစ်နေ့ ကျွန်တော်တို့ကဒီကမ္ဘာကြီးကိုနှုတ်ဆတ်ပြီးချန်ထားခဲ့ရမယ်ဆိုတာကလူတိုင်းသိတဲ့နိယာမကြီးတစ်ခုပဲအဲ့ဒါကြောင့် မင်းရှင်သန်နေခဲ့တဲ့ဘဝမှာလူတိုင်းမင်းကို သတိရနေအောင် နေပါ လူမှန်းသိတဲ့အရွယ်ကတည်းကခုချိန်ထိ သိခဲ့တဲ့သူတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေ လုပ်ငန်းခွင်ဝင်တိုင်းလဲ လုပ်ဖော်ကိုင်ဖတ် အသိတွေ […]
မြန်မာပြည်ကငါ..
နတ်ပြည်နဲ့ငရဲ ဘာကိုရွေးမလဲတဲ့ မေးစရာလိုသေးလို့လားကွာ ငါတို့ကမြန်မာပြည်ကလေ ဘုရားဆီမှာဆုတောင်းရင် တောင်းဆုပြည့်မပြည့်တော့မသိဘူး မတောင်းတဲ့ဆုတွေပြည့်ပြီး တောင်းတဲ့ဆုတွေမပြည့်တာလဲငါတို့ပဲလေ လက်ထဲကဆေးလိပ်အတိုကို အငြိုးနဲ့ပြာခွက်ထဲ ဖိချေရင်းအားရပါးရပဲ အော်ဟစ်ပြီး ရယ်လိုက်မိတယ် င ရဲ ဆို တာ ချို နဲ့ လား ဟေ့…
ဆုံမှတ်တစ်ခု
ဘယ်ဘူတာမှာမှပြန်မဆုံနိုင်တော့တဲ့ရထားတွေရှိတယ်တစ်ခါလွဲရင်တစ်သံသရာလုံးကြာတတ်ပြီးတစ်ခါဝေးရင်တော့ပြန်မဆုံးနိုင်တော့ဘူး ဘယ်တော့မှနာကျင်ဖို့အတွက်ဆိုဆုတွေဟာမတောင်းလဲ ပြည့်တယ်မလုံ့တစ်လုံထီးလေးဆောင်းပြီးတစ်ယောက်တည်းအိမ်ပြန်ရခြင်းကလဲဘဝလို့ခေါ်တာဘဲမဟုတ်လားရန်သူတွေထက်ချစ်ရသူတွေကသာနာကျင်အောင်လုပ်တတ်ကြောင်းနားလည်ပါတယ်ဆိုတဲ့သူတွေကသာနားမလည်နိုင်တော့အောင်လုပ်တတ်ကြောင်းအမြဲတမ်းနော်ဆိုတဲ့သူတွေဘက်ကပဲအရင်ဆုံးစတင်စွန့်ခွာသွားတတ်ကြောင်းငါ့တို့မှာစာစီပြီး ချမရေးဖြစ်ပေမယ့်ဖွင့်ဟပြီး ပြောမပြဖြစ်ပေမယ့်တကယ်ဆုံးရှုံးဆုံးခဲ့ရတဲ့အရာတွေကတော့ရှိတယ်ရှိတယ်မဟုတ်ဘူးမင်းမှာရော ငါ့မှာရောရှိကိုရှိတယ်တစ်ခုခုဆိုငါနားမှာ ဘယ်သူရှိတယ်ဆိုတဲ့အတွေးကိုမတွေးနဲ့တော့တစ်ခုခုဆိုငါ့နားမှာ ငါဘဲရှိတာပါလားလို့ဘဲ တွေးဘာလို့လဲဆိုတော့မင်းသေလောက်အောင်ဖတ်တွယ်ထားလည်းအလွယ်တစ်ကူလွှတ်ချခဲ့မယ့်လက်တွေကရှိတယ်မင်းဘက်ကအချိန်တစ်ခုထိ ဖြတ်တောက်လိုက်ရင်အားလုံးက မေ့သွားမယ့်ဆက်ဆံရေးတွေချည်းပဲ
စိတ်ချမ်းသာတဲ့လူ
လောကမှာငွေချမ်းသာတဲ့သူတွေကပေါတယ် သူတို့ရဲ့နာမည်ကိုရွတ်ပြဆိုရင် တနေကုန်ရွတ်လို့တောင်မကုန်ပါဘူး ဒါပေမယ့် စိတ်ချမ်းသာတဲ့လူတယောက်ရဲ့ နာမည်ကိုပြောပြပါဆိုရင်တော့ တစ်နေကုန်ထိုင်စဥ်းစားရင်တောင် တစ်ယောက်နှစ်ယောက်လောက်ပဲရှိနိုင်တယ် စိတ်ချမ်းသာတဲ့အလုပ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး ဆင်းရဲတဲ့သူလဲစိတ်ညစ်နေရတယ် ချမ်းသာတဲ့သူလဲစိတ်ညစ်နေရတယ်
မငယ်တော့တဲ့အခါ …
လူစည်စည် အသံဆူဆူပျော်ပွဲရွှင် ပွဲတွေသွားဖို့ထက် လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပို နေချင် လာတယ် ။ အ ပေါ်ယံ မိတ်ဆွေများများစားစားရှိဖို့ထက် ရင် ဖွင့်ဖော်သူငယ်ချင်းတစ်ယောက်တစ် လေ လောက် ရှိ နေရင် ပဲ လုံလောက်လာတယ် ။ ဘာမဖြစ်လို့ သေ လောက် အောင် စိတ်ညစ်တယ် ဆိုတာ တွေ နည်းလာပြီး […]
နွေ
ကမ္ဘာကြီး နာဖျားလေ ငါ မင်းကို ချစ်လေပဲ ဒီနွေဟာ ပူသလောက်ကို ငါ့ရင်ကပိုပူရတယ် အိမ်ပြန်ချိန်တွေ ဘယ်တော့များ လှပလာမလဲလို့ မင်း မေးတဲ့အခါ ငါက ပြုံးပြရုံသက်သက်သာ တတ်နိုင်တယ် အဆုံးထိ ငါ့လက်ကိုတွဲပါ။ ကျောခိုင်းလိုက်တိုင်း လမ်းခွဲတာ မဟုတ်ကြောင်း နှုတ်ဆက်တာမဟုတ်ကြောင်း မင်းနားလည်ပေးပါ….
လက်ဆောင် …
ဘုရားသခင်ဟာ ကျီစားသန်တယ်။ နံနံပင် မရှိမဖြစ်သူဆီ နံနံပင် မစားသူ ပို့ပေးလိုက်တယ်။ အမွှေးအကြိုင် အရွက်တွေ ကြိုက်သူဆီ အနံ့မခံနိုင်သူကို ပို့ပေးလိုက်တယ်။ အရွက်ဆို အကုန်စားသူဆီ အရွက်ဂျီးများသူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ ဆုလာဘ်ပေးတတ်တယ်။ စူပုပ်ပုပ် မိန်းကလေးဆီ အမြဲပြုံးနေသူ ပို့ပေးလိုက်တယ်။ စိတ်ဓာတ်ကျလွယ်သူဆီ အကောင်းမြင်တတ်သူ ပို့ပေးလိုက်တယ်။ အိပ်မပျော်သူဆီ ချော့သိပ်နိုင်သူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ အေးချမ်းစေလိုတယ် […]
တစ်နေ့ …
အချိန်ဟာ ကုန်ခဲလွန်းလှ ငါတို့နေ့ကို ငါတို့မပိုင် ငါတို့ညကို ငါတို့မပိုင် သိပ်ကြာလွန်းတဲ့ အချိန်တွေပေါ့။ မအေးချမ်းခြင်း တရားထဲက အိုအေစစ်လေးရေ အပူပင်ကင်းကင်းနေ့တွေရောက်ရင် နေဝင်တာ ထိုင်ကြည့်ကြစို့။ ။
နွေဦး
နွေဦးစတော့မယ်..တဲ့ ဒါဆို သေချာပါတယ် ဆရာသန်းတင့်စကားနဲ့ဆို ဒီရာသီရောက်ရင်ဒီပန်းတွေပြန်ပွင့်အုံးမှာပဲ ပြီးတော့ ကျနော်တိုပြန်ဆုံမှာမဟုတ်တော့ဘူး ဆိုတာရယ် ။ -ရိပ်ငြိမ်
အိပ်မတ်တွေရှိသေးတယ်
ပတ်ဝန်းကျင်ကို ပိတ်ဖြူစနဲ့မကာချင်ဘူး ပိတ်ဖြူစကိုနှမြောလို့…… လောကသေးသေးလေးထဲကနေပြီး လောကအကြီးကြီးကို စိန်ခေါ်နေကြတာကွ….. ငါတို့မှာ အိပ်မတ်တွေရှိသေးတယ်လေ…
One day, you’ll leave this world behind
So live a life you will remember “One day, you’ll leave this world behind So live a life you will remember” နားထောင်မိတိုင်း ကိုယ့်ကိုအမြဲအတွေးနဲ့သတိတခုပေးနေတဲ့စာသားလေး ရိုးရိုးရှင်းရှင်းပါပဲ တစ်နေ့ ကျွန်တော်တို့ကဒီကမ္ဘာကြီးကိုနှုတ်ဆတ်ပြီးချန်ထားခဲ့ရမယ်ဆိုတာကလူတိုင်းသိတဲ့နိယာမကြီးတစ်ခုပဲအဲ့ဒါကြောင့် မင်းရှင်သန်နေခဲ့တဲ့ဘဝမှာလူတိုင်းမင်းကို သတိရနေအောင် နေပါ လူမှန်းသိတဲ့အရွယ်ကတည်းကခုချိန်ထိ […]
အတိတ် …
နံဘေးမှာ အတိတ်တွေတောင်းတစ်လုံးနဲ့အပြည့် ကြာပြီမို့လို့ငြိမ်သက်သွားတာတွေရော လက်လက်ဆတ်ဆတ်မို့ တဖျက်ဖျက်လူးနေတာတွေရော ရင်ဘက်ထဲမှာတော့ ဒေါသကြောင့်ရတဲ့အပူတွေရယ် လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ် မောဟကြောင့်မောမှန်းမသိမောနေတာတွေရယ် သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ် တစ်နေ့ပေါ့… အားလုံးကိုလွှတ်ချနိုင်ခဲ့တနေ့ကျရင်တော့ လေဟုန်ကိုစီးပြီးအမြင့်ကြီးပျံနိုင်ဖို့ အတောင်ပံတွေတော့ရကောင်းပါလေရဲ့
လူ …
မင်းလဲသိမှာပါမြို့ရွာတွေရဲ့ကျန်းမာရေးမှာငါတို့ဖြစ်တည်မှုဟာ ဘောင်မဝင်ခဲ့ဘူးဆိုတာ လူဆိုတာဗီဇကိုငြင်းလို့မရဘူးအမှန်တရားကို ချစ်နေဦးမှာပဲငါတို့ရဲ့ညစာတွေရောဘယ်စားစရာကအာဟာရလဲ ဟိုးမှာကောင်ကင်ရဲ့လက်ချောင်းတွေ ငါတို့ရဲ့ဆုံဆည်းမှုကို ဂုဏ်ပြုတော့မယ် အခုဝောာ့ဖြစ်တည်မှုဆိုတာကိုပဲကျေနပ်ရင်းနဲ့ပေါ့မျှော်လင့်ပြီးမနေချင်တော့ဘူးငါတို့ကြိုတ်တဲ့သီချင်းလေးတွေကိုပဲပေါ့ပေါ့ပါးပါးသီဆိုနေရင်းနဲ့ပဲဒီတစ်နေ့ကို ကျော်ဖြတ်ကြတာပေါ့အချစ်ရယ်