“ဆဲဗင်းအလဲဗင်း”

ပြန်လို့မရတော့တဲ့ တိုင်းပြည်ထဲကနေ အသက်လုခိုးဝှက် ခြုံဖြဲထွက်လိုက်ပြီးတဲ့နောက် ကျနော်အရင်ဆုံး ဝင်မိသွားတာက ဆဲဗင်းအလဲဗင်း။ အဲယားကွန်းအေးစိမ့်စိမ့်၊ ဘာသာစကား အေးစိမ့်စိမ့်လေးနဲ့ ဆဲဗင်းအလဲဗင်းထဲ တိုင်းပြည်လွမ်းစိတ်ကို ညနေဆို အရက်ဘီယာအများဆုံးဝယ်အားပေးတဲ့ တာဇံဟာ ကျနော်ဖြစ်သွားတယ်။ ရိုးရာနံ့သင်းတဲ့ ဟင်းတွေ၊ အင်ဖပ်နံ့မွှေးတဲ့ ဒေသစာတွေ၊ စကားရွှန်းဆို နှုတ်ခွန်းဆိုရင်း ရောင်းဝယ်ဖောက်ကားကြတဲ့ ပျော်စရာ ရွာဈေးရပ်ဈေးတွေ၊ ပြီးတော့ အကောင်အထည်လိုက်မြင် ခွင့်ရခဲ့တဲ့ အာဏာရှင်တွေ၊ ကုသိုလ်အကုသိုလ်နဲ့၊ […]

စိတ်ချမ်းသာတဲ့လူ

လောကမှာ​ငွေချမ်းသာတဲ့သူ​တွေက​ပေါတယ် သူတို့ရဲ့နာမည်ကိုရွတ်ပြဆိုရင် တ​နေကုန်ရွတ်လို့​တောင်မကုန်ပါဘူး ဒါ​ပေမယ့် စိတ်ချမ်းသာတဲ့လူတ​ယောက်ရဲ့ နာမည်ကို​ပြောပြပါဆိုရင်​တော့ တစ်​နေကုန်ထိုင်စဥ်းစားရင်​တောင် တစ်​ယောက်နှစ်​ယောက်​လောက်ပဲရှိနိုင်တယ် စိတ်ချမ်းသာတဲ့အလုပ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး ဆင်းရဲတဲ့သူလဲစိတ်ညစ်​နေရတယ် ချမ်းသာတဲ့သူလဲစိတ်ညစ်​နေရတယ်

မငယ်တော့တဲ့အခါ …

လူစည်စည် အသံဆူဆူပျော်ပွဲရွှင် ပွဲတွေသွားဖို့ထက် လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပို နေချင် လာတယ် ။ အ ပေါ်ယံ မိတ်ဆွေများများစားစားရှိဖို့ထက် ရင် ဖွင့်ဖော်သူငယ်ချင်းတစ်ယောက်တစ် လေ လောက် ရှိ နေရင် ပဲ လုံလောက်လာတယ် ။ ဘာမဖြစ်လို့ သေ လောက် အောင် စိတ်ညစ်တယ် ဆိုတာ တွေ နည်းလာပြီး […]

နွေ

ကမ္ဘာကြီး နာဖျားလေ ငါ မင်းကို ချစ်လေပဲ ဒီနွေဟာ ပူသလောက်ကို ငါ့ရင်ကပိုပူရတယ် အိမ်ပြန်ချိန်တွေ ဘယ်တော့များ လှပလာမလဲလို့ မင်း မေးတဲ့အခါ ငါက ပြုံးပြရုံသက်သက်သာ တတ်နိုင်တယ် အဆုံးထိ ငါ့လက်ကိုတွဲပါ။ ကျောခိုင်းလိုက်တိုင်း လမ်းခွဲတာ မဟုတ်ကြောင်း နှုတ်ဆက်တာမဟုတ်ကြောင်း မင်းနားလည်ပေးပါ….

ဒီနေ့

ဒီ​နေ့ဆိုတာက တကယ်ရှိတာ မ​နေ့ကနဲ့မနက်ဖြန်ဆိုတာက ဒီ​နေ့ကိုအ​ကြောင်းပြုပြီး​ ပေါ်လာတာ တကယ်အမှန်ရှိတာက ဒီ​နေ့ပဲ ကုန်ဆုံးသွားတဲ့​ဒီနေ့ကို မ​နေ့ကလို့​ပြောကြတယ် မ​​ရောက်​သေးတဲ့ဒီ​နေ့ကို မနက်ဖြန်လို့​ပြောကြတယ် အမှန်တကယ်ရှိနေတာက ဒီ​နေ့ပဲရှိတယ်…..

လမ်း

တစ်လမ်းထဲလျှောက်သလား၊ တစ်လမ်းစီ လျှောက်သလား တစ်ယောက်တစ်လမ်း ဖောက်သလား။ သေချာတာက ငါတို့တွေအကုန် တစ်ယောက်တစ်လမ်းဖောက်ပြီး တစ်ယောက်တစ်လမ်းလျှောက်နေကြတာပဲ

လက်ဆောင် …

ဘုရားသခင်ဟာ ကျီစားသန်တယ်။ နံနံပင် မရှိမဖြစ်သူဆီ နံနံပင် မစားသူ ပို့ပေးလိုက်တယ်။ အမွှေးအကြိုင် အရွက်တွေ ကြိုက်သူဆီ အနံ့မခံနိုင်သူကို ပို့ပေးလိုက်တယ်။ အရွက်ဆို အကုန်စားသူဆီ အရွက်ဂျီးများသူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ ဆုလာဘ်ပေးတတ်တယ်။ စူပုပ်ပုပ် မိန်းကလေးဆီ အမြဲပြုံးနေသူ ပို့ပေးလိုက်တယ်။ စိတ်ဓာတ်ကျလွယ်သူဆီ အကောင်းမြင်တတ်သူ ပို့ပေးလိုက်တယ်။ အိပ်မပျော်သူဆီ ချော့သိပ်နိုင်သူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ အေးချမ်းစေလိုတယ် […]

တစ်နေ့ …

အချိန်ဟာ ကုန်ခဲလွန်းလှ ငါတို့နေ့ကို ငါတို့မပိုင် ငါတို့ညကို ငါတို့မပိုင် သိပ်ကြာလွန်းတဲ့ အချိန်တွေပေါ့။ မအေးချမ်းခြင်း တရားထဲက အိုအေစစ်လေးရေ အပူပင်ကင်းကင်းနေ့တွေရောက်ရင် နေဝင်တာ ထိုင်ကြည့်ကြစို့။ ။

နွေဦး

နွေဦးစတော့မယ်..တဲ့ ဒါဆို သေချာပါတယ် ဆရာသန်းတင့်စကားနဲ့ဆို ဒီရာသီရောက်ရင်ဒီပန်းတွေပြန်ပွင့်အုံးမှာပဲ ပြီးတော့ ကျနော်တိုပြန်ဆုံမှာမဟုတ်တော့ဘူး ဆိုတာရယ် ။ -ရိပ်ငြိမ်

အိပ်မတ်တွေရှိသေးတယ်

ပတ်ဝန်းကျင်ကို ပိတ်ဖြူစနဲ့မကာချင်ဘူး ပိတ်ဖြူစကိုနှမြောလို့…… လောကသေးသေးလေးထဲကနေပြီး လောကအကြီးကြီးကို စိန်ခေါ်နေကြတာကွ….. ငါတို့မှာ အိပ်မတ်တွေရှိသေးတယ်လေ…

Age 30

At age 30 is not easy , you lose friends, facing financial crisis, having dreams but cannot fulfill them, you fall, you fail, you hit reality, make mistakes , you […]

Childhood

ငယ်ငယ်က ကလေးဘဝမှာ အကုန်လုံးပျော်စရာကောင်းခဲ့ပါတယ် အသက်တွေကြီးလာတဲ့အခါ အရင်လိုပျော်စရာမကောင်းတော့ဘူး လူ့ဘဝဆိုတာတကယ်တော့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတဲ့ဖြစ်စဉ်တခုပါပဲ ကလေးဘဝက ပျော်စရာအချိန်တွေကိုတော့ လွမ်းမိတယ် အခုချိန်မှာတော့ အားလုံးက လွမ်းစရာတွေကြီးပါပဲ

One day, you’ll leave this world behind

So live a life you will remember “One day, you’ll leave this world behind So live a life you will remember” နားထောင်မိတိုင်း ကိုယ့်ကိုအမြဲအတွေးနဲ့သတိတခုပေးနေတဲ့စာသားလေး ရိုးရိုးရှင်းရှင်းပါပဲ တစ်နေ့ ကျွန်တော်တို့ကဒီကမ္ဘာကြီးကိုနှုတ်ဆတ်ပြီးချန်ထားခဲ့ရမယ်ဆိုတာကလူတိုင်းသိတဲ့နိယာမကြီးတစ်ခုပဲအဲ့ဒါကြောင့် မင်းရှင်သန်နေခဲ့တဲ့ဘဝမှာလူတိုင်းမင်းကို သတိရနေအောင် နေပါ လူမှန်းသိတဲ့အရွယ်ကတည်းကခုချိန်ထိ […]

အတိတ် …

နံဘေးမှာ အတိတ်တွေတောင်းတစ်လုံးနဲ့အပြည့် ကြာပြီမို့လို့ငြိမ်သက်သွားတာတွေရော လက်လက်ဆတ်ဆတ်မို့ တဖျက်ဖျက်လူးနေတာတွေရော ရင်ဘက်ထဲမှာတော့ ဒေါသကြောင့်ရတဲ့အပူတွေရယ် လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ် မောဟကြောင့်မောမှန်းမသိမောနေတာတွေရယ် သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ် တစ်နေ့ပေါ့… အားလုံးကိုလွှတ်ချနိုင်ခဲ့တနေ့ကျရင်တော့ လေဟုန်ကိုစီးပြီးအမြင့်ကြီးပျံနိုင်ဖို့ အတောင်ပံတွေတော့ရကောင်းပါလေရဲ့

လူ …

မင်းလဲသိမှာပါမြို့ရွာတွေရဲ့ကျန်းမာရေးမှာငါတို့ဖြစ်တည်မှုဟာ ဘောင်မဝင်ခဲ့ဘူးဆိုတာ လူဆိုတာဗီဇကိုငြင်းလို့မရဘူးအမှန်တရားကို ချစ်နေဦးမှာပဲငါတို့ရဲ့ညစာတွေရောဘယ်စားစရာကအာဟာရလဲ ဟိုးမှာကောင်ကင်ရဲ့လက်ချောင်းတွေ ငါတို့‌ရဲ့ဆုံဆည်းမှုကို ဂုဏ်ပြုတော့မယ် အခုဝောာ့ဖြစ်တည်မှုဆိုတာကိုပဲကျေနပ်ရင်းနဲ့ပေါ့မျှော်လင့်ပြီးမနေချင်တော့ဘူးငါတို့ကြိုတ်တဲ့သီချင်းလေးတွေကိုပဲပေါ့ပေါ့ပါးပါးသီဆိုနေရင်းနဲ့ပဲဒီတစ်နေ့ကို ကျော်ဖြတ်ကြတာပေါ့အချစ်ရယ်