ဘယ်ဘူတာမှာမှ
ပြန်မဆုံနိုင်တော့တဲ့ရထားတွေရှိတယ်
တစ်ခါလွဲရင်
တစ်သံသရာလုံးကြာတတ်ပြီး
တစ်ခါဝေးရင်တော့
ပြန်မဆုံးနိုင်တော့ဘူး ဘယ်တော့မှ
နာကျင်ဖို့အတွက်ဆို
ဆုတွေဟာမတောင်းလဲ ပြည့်တယ်
မလုံ့တစ်လုံထီးလေးဆောင်းပြီး
တစ်ယောက်တည်းအိမ်ပြန်ရခြင်းကလဲ
ဘဝလို့ခေါ်တာဘဲမဟုတ်လား
ရန်သူတွေထက်
ချစ်ရသူတွေကသာ
နာကျင်အောင်လုပ်တတ်ကြောင်း
နားလည်ပါတယ်ဆိုတဲ့သူတွေကသာ
နားမလည်နိုင်တော့အောင်လုပ်တတ်ကြောင်း
အမြဲတမ်းနော်ဆိုတဲ့သူတွေဘက်ကပဲ
အရင်ဆုံးစတင်စွန့်ခွာသွားတတ်ကြောင်း
ငါ့တို့မှာ
စာစီပြီး ချမရေးဖြစ်ပေမယ့်
ဖွင့်ဟပြီး ပြောမပြဖြစ်ပေမယ့်
တကယ်ဆုံးရှုံးဆုံးခဲ့ရတဲ့အရာတွေကတော့
ရှိတယ်
ရှိတယ်မဟုတ်ဘူး
မင်းမှာရော ငါ့မှာရော
ရှိကိုရှိတယ်
တစ်ခုခုဆို
ငါနားမှာ ဘယ်သူရှိတယ်ဆိုတဲ့အတွေးကို
မတွေးနဲ့တော့
တစ်ခုခုဆို
ငါ့နားမှာ ငါဘဲရှိတာပါလားလို့ဘဲ တွေး
ဘာလို့လဲဆိုတော့
မင်းသေလောက်အောင်ဖတ်တွယ်ထားလည်း
အလွယ်တစ်ကူလွှတ်ချခဲ့မယ့်လက်တွေကရှိတယ်
မင်းဘက်က
အချိန်တစ်ခုထိ ဖြတ်တောက်လိုက်ရင်
အားလုံးက မေ့သွားမယ့်ဆက်ဆံရေးတွေချည်းပဲ