နတ်ပြည်နဲ့ငရဲ
ဘာကိုရွေးမလဲတဲ့
မေးစရာလိုသေးလို့လားကွာ
ငါတို့ကမြန်မာပြည်ကလေ
တောင်းဆုပြည့်မပြည့်တော့မသိဘူး
မတောင်းတဲ့ဆုတွေပြည့်ပြီး
တောင်းတဲ့ဆုတွေမပြည့်တာလဲငါတို့ပဲလေ
လက်ထဲကဆေးလိပ်အတိုကို
အငြိုးနဲ့ပြာခွက်ထဲ
ဖိချေရင်းအားရပါးရပဲ
အော်ဟစ်ပြီး
ရယ်လိုက်မိတယ်
င ရဲ ဆို တာ ချို နဲ့ လား ဟေ့…