ကမ္ဘာကြီး နာဖျားလေ

ငါ မင်းကို ချစ်လေပဲ

ဒီနွေဟာ ပူသလောက်ကို

ငါ့ရင်ကပိုပူရတယ်

အိမ်ပြန်ချိန်တွေ

ဘယ်တော့များ လှပလာမလဲလို့

မင်း မေးတဲ့အခါ ငါက

ပြုံးပြရုံသက်သက်သာ တတ်နိုင်တယ်

အဆုံးထိ

ငါ့လက်ကိုတွဲပါ။

ကျောခိုင်းလိုက်တိုင်း

လမ်းခွဲတာ မဟုတ်ကြောင်း

နှုတ်ဆက်တာမဟုတ်ကြောင်း

မင်းနားလည်ပေးပါ….