ဘုရားသခင်ဟာ ကျီစားသန်တယ်။

နံနံပင် မရှိမဖြစ်သူဆီ

နံနံပင် မစားသူ ပို့ပေးလိုက်တယ်။

အမွှေးအကြိုင် အရွက်တွေ ကြိုက်သူဆီ

အနံ့မခံနိုင်သူကို ပို့ပေးလိုက်တယ်။

အရွက်ဆို အကုန်စားသူဆီ

အရွက်ဂျီးများသူ ပို့ပေးလိုက်တယ်။

ဘုရားသခင်ဟာ ဆုလာဘ်ပေးတတ်တယ်။

စူပုပ်ပုပ် မိန်းကလေးဆီ

အမြဲပြုံးနေသူ ပို့ပေးလိုက်တယ်။

စိတ်ဓာတ်ကျလွယ်သူဆီ

အကောင်းမြင်တတ်သူ ပို့ပေးလိုက်တယ်။

အိပ်မပျော်သူဆီ

ချော့သိပ်နိုင်သူ ပို့ပေးလိုက်တယ်။

ဘုရားသခင်ဟာ အေးချမ်းစေလိုတယ် ထင်တယ်။

သူမကို ကျွန်တော့်ဆီ လွှတ်လိုက်တယ်။

ခပ်ပြုံးပြုံးနဲ့ သူမ ရောက်လာခဲ့တယ်။

ကျွန်တော်ကလည်း ပြန်မလွှတ်ချင်တော့…