လူစည်စည် အသံဆူဆူပျော်ပွဲရွှင် ပွဲတွေသွားဖို့ထက်

လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပို နေချင် လာတယ် ။

ပေါ်ယံ မိတ်ဆွေများများစားစားရှိဖို့ထက်

ရင် ဖွင့်ဖော်သူငယ်ချင်းတစ်ယောက်တစ် လေ လောက် ရှိ နေရင် ပဲ လုံလောက်လာတယ် ။

ဘာမဖြစ်လို့ သေ လောက် အောင် စိတ်ညစ်တယ် ဆိုတာ တွေ နည်းလာပြီး ဖြစ်လာသမျှကို

အရင် ကထက် ပို လက် ခံနိုင် လာတယ် ။

ဘာရလို့ ပိုပျော်တယ်ဆိုတာလည်း

မရှိသ လောက် ရှားသွားပြီး ရှိလာတဲ့ အ ပျော်တွေ

ပြန်ပျောက်သွားရင် လည်း အလိုက် သင့်လေး နေတတ်လာတယ် ။

ငွေတန်ဖိုးကို ပို သိလာတယ် ။

မိဘ ဆွေမျိုး အသိုင်းအဝိုင်းရဲ့ တန်ဖိုးကို

ပို မြင် တတ်လာတယ် ။

ကိုယ့် အ ပေါ် မ ကောင်းတဲ့သူတွေကို

သည်းခံနိုင် လာပြီး

ကိုယ့် အ ပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ် ။

အလှအပ ထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး ဖြစ် ချင် တာထက်

ဖြစ် သင့်တာကိုလည်း ပိုဦးစားပေးတတ်လာတယ် ။

ကြီးရင့် ခြင်းဆိုတာ

နုပျို လန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်

တည်ငြိမ် ရင့်ကျက်ခြင်းရဲ့ အစဖြစ်ကြောင်းကို လည်း ပြောင်းလဲစပြုလာတဲ့

ကိုယ့် စိတ်နေ သ ဘောထားတွေဆီက နေ တဆင့်

သတိထား , လက်ခံတတ်လာတယ် ။