အချိန်ဟာ

ကုန်ခဲလွန်းလှ

ငါတို့နေ့ကို

ငါတို့မပိုင်

ငါတို့ညကို

ငါတို့မပိုင်

သိပ်ကြာလွန်းတဲ့

အချိန်တွေပေါ့။

မအေးချမ်းခြင်း

တရားထဲက

အိုအေစစ်လေးရေ

အပူပင်ကင်းကင်းနေ့တွေရောက်ရင်

နေဝင်တာ

ထိုင်ကြည့်ကြစို့။ ။