မင်းလဲသိမှာပါ
မြို့ရွာတွေရဲ့ကျန်းမာရေးမှာ
ငါတို့ဖြစ်တည်မှုဟာ ဘောင်မဝင်ခဲ့ဘူးဆိုတာ

လူဆိုတာဗီဇကိုငြင်းလို့မရဘူး
အမှန်တရားကို ချစ်နေဦးမှာပဲ
ငါတို့ရဲ့ညစာတွေရော
ဘယ်စားစရာကအာဟာရလဲ

ဟိုးမှာကောင်ကင်ရဲ့
လက်ချောင်းတွေ ငါတို့‌ရဲ့
ဆုံဆည်းမှုကို ဂုဏ်ပြုတော့မယ်

အခုဝောာ့
ဖြစ်တည်မှုဆိုတာကိုပဲကျေနပ်ရင်းနဲ့ပေါ့
မျှော်လင့်ပြီးမနေချင်တော့ဘူး
ငါတို့ကြိုတ်တဲ့သီချင်းလေးတွေကိုပဲ
ပေါ့ပေါ့ပါးပါးသီဆိုနေရင်းနဲ့ပဲ
ဒီတစ်နေ့ကို ကျော်ဖြတ်ကြတာပေါ့အချစ်ရယ်