“One day, you’ll leave this world behind. So live a life you will remember”

“One day, you’ll leave this world behind So live a life you will remember” နားထောင်မိတိုင်း ကိုယ့်ကိုအမြဲအတွေးနဲ့သတိတခုပေးနေတဲ့စာသားလေး ရိုးရိုးရှင်းရှင်းပါပဲ တစ်နေ့ ကျွန်တော်တို့ကဒီကမ္ဘာကြီးကိုနှုတ်ဆတ်ပြီးချန်ထားခဲ့ရမယ်ဆိုတာကလူတိုင်းသိတဲ့နိယာမကြီးတစ်ခုပဲအဲ့ဒါကြောင့် မင်းရှင်သန်နေခဲ့တဲ့ဘဝမှာလူတိုင်းမင်းကို သတိရနေအောင် နေပါ လူမှန်းသိတဲ့အရွယ်ကတည်းကခုချိန်ထိ သိခဲ့တဲ့သူတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေ လုပ်ငန်းခွင်ဝင်တိုင်းလဲ လုပ်ဖော်ကိုင်ဖတ် အသိတွေ […]

မြန်မာပြည်ကငါ..

နတ်ပြည်နဲ့ငရဲ ဘာကိုရွေးမလဲတဲ့ မေးစရာလိုသေးလို့လားကွာ ငါတို့ကမြန်မာပြည်ကလေ ဘုရားဆီမှာဆုတောင်းရင် တောင်းဆုပြည့်မပြည့်တော့မသိဘူး မတောင်းတဲ့ဆုတွေပြည့်ပြီး တောင်းတဲ့ဆုတွေမပြည့်တာလဲငါတို့ပဲလေ လက်ထဲကဆေးလိပ်အတိုကို အငြိုးနဲ့ပြာခွက်ထဲ ဖိချေရင်းအားရပါးရပဲ အော်ဟစ်ပြီး ရယ်လိုက်မိတယ် င ရဲ ဆို တာ ချို နဲ့ လား ဟေ့…

ဆုံမှတ်တစ်ခု

ဘယ်ဘူတာမှာမှပြန်မဆုံနိုင်တော့တဲ့ရထားတွေရှိတယ်တစ်ခါလွဲရင်တစ်သံသရာလုံးကြာတတ်ပြီးတစ်ခါဝေးရင်တော့ပြန်မဆုံးနိုင်တော့ဘူး ဘယ်တော့မှနာကျင်ဖို့အတွက်ဆိုဆုတွေဟာမတောင်းလဲ ပြည့်တယ်မလုံ့တစ်လုံထီးလေးဆောင်းပြီးတစ်ယောက်တည်းအိမ်ပြန်ရခြင်းကလဲဘဝလို့ခေါ်တာဘဲမဟုတ်လားရန်သူတွေထက်ချစ်ရသူတွေကသာနာကျင်အောင်လုပ်တတ်ကြောင်းနားလည်ပါတယ်ဆိုတဲ့သူတွေကသာနားမလည်နိုင်တော့အောင်လုပ်တတ်ကြောင်းအမြဲတမ်းနော်ဆိုတဲ့သူတွေဘက်ကပဲအရင်ဆုံးစတင်စွန့်ခွာသွားတတ်ကြောင်းငါ့တို့မှာစာစီပြီး ချမရေးဖြစ်ပေမယ့်ဖွင့်ဟပြီး ပြောမပြဖြစ်ပေမယ့်တကယ်ဆုံးရှုံးဆုံးခဲ့ရတဲ့အရာတွေကတော့ရှိတယ်ရှိတယ်မဟုတ်ဘူးမင်းမှာရော ငါ့မှာရောရှိကိုရှိတယ်တစ်ခုခုဆိုငါနားမှာ ဘယ်သူရှိတယ်ဆိုတဲ့အတွေးကိုမတွေးနဲ့တော့တစ်ခုခုဆိုငါ့နားမှာ ငါဘဲရှိတာပါလားလို့ဘဲ တွေးဘာလို့လဲဆိုတော့မင်းသေလောက်အောင်ဖတ်တွယ်ထားလည်းအလွယ်တစ်ကူလွှတ်ချခဲ့မယ့်လက်တွေကရှိတယ်မင်းဘက်ကအချိန်တစ်ခုထိ ဖြတ်တောက်လိုက်ရင်အားလုံးက မေ့သွားမယ့်ဆက်ဆံရေးတွေချည်းပဲ

အိပ်မတ်တွေရှိသေးတယ်

ပတ်ဝန်းကျင်ကို ပိတ်ဖြူစနဲ့မကာချင်ဘူး ပိတ်ဖြူစကိုနှမြောလို့…… လောကသေးသေးလေးထဲကနေပြီး လောကအကြီးကြီးကို စိန်ခေါ်နေကြတာကွ….. ငါတို့မှာ အိပ်မတ်တွေရှိသေးတယ်လေ…

Childhood

ငယ်ငယ်က ကလေးဘဝမှာ အကုန်လုံးပျော်စရာကောင်းခဲ့ပါတယ် အသက်တွေကြီးလာတဲ့အခါ အရင်လိုပျော်စရာမကောင်းတော့ဘူး လူ့ဘဝဆိုတာတကယ်တော့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတဲ့ဖြစ်စဉ်တခုပါပဲ ကလေးဘဝက ပျော်စရာအချိန်တွေကိုတော့ လွမ်းမိတယ် အခုချိန်မှာတော့ အားလုံးက လွမ်းစရာတွေကြီးပါပဲ

လူ …

မင်းလဲသိမှာပါမြို့ရွာတွေရဲ့ကျန်းမာရေးမှာငါတို့ဖြစ်တည်မှုဟာ ဘောင်မဝင်ခဲ့ဘူးဆိုတာ လူဆိုတာဗီဇကိုငြင်းလို့မရဘူးအမှန်တရားကို ချစ်နေဦးမှာပဲငါတို့ရဲ့ညစာတွေရောဘယ်စားစရာကအာဟာရလဲ ဟိုးမှာကောင်ကင်ရဲ့လက်ချောင်းတွေ ငါတို့‌ရဲ့ဆုံဆည်းမှုကို ဂုဏ်ပြုတော့မယ် အခုဝောာ့ဖြစ်တည်မှုဆိုတာကိုပဲကျေနပ်ရင်းနဲ့ပေါ့မျှော်လင့်ပြီးမနေချင်တော့ဘူးငါတို့ကြိုတ်တဲ့သီချင်းလေးတွေကိုပဲပေါ့ပေါ့ပါးပါးသီဆိုနေရင်းနဲ့ပဲဒီတစ်နေ့ကို ကျော်ဖြတ်ကြတာပေါ့အချစ်ရယ်