အဆင်ပြေပါတယ်…

Are You Ok လို့မေးလာခဲ့ရင် I’m ok, I’m Fine, ဆိုတာဟာအလိုလျှောက်ဖြေကြားခြင်းစနစ်လိုပဲ အမြဲတမ်းအဆင်ပြေပါတယ်လို့ပြောခဲ့ဖူးတယ် သန်မာချင်လွန်းတဲ့ကျွန်တော်ဟာ အားနည်းတယ်လို့ပြောကြမှာတခြားသူကိုမှီခိုရမှာမျိုးအရမ်းကြောက်ခဲ့ဖူးတဲ့အချိန်တွေပေါ့ ဟိုးအရင်တုန်းကရိုးသားစွာနဲ့ဘာမှဆိုပြောပြခဲ့ဖူးတယ် ဒီနေ့ကျောင်းမှာဘာဖြစ်လာတယ် သားသူငယ်ချင်းရဲ့အရုပ်ကအကြီးကြီးပဲ ကျောင်းကလူတွေဆိုသားကိုဘယ်လိုစနောက်ကြတယ် ပြီးတော့ဖြစ်ခဲ့သမျှအကုန်အိမ်ရောက်တာနဲ့အပြေးပြောပြတတ်တယ်အခြေနေအပြောင်းအလဲတွေကြားမှာကျွန်တော်ဟာတဖြေးဖြေးနဲ့အေးစက်လာခဲ့သလို အနေလဲဝေးလာတယ်ထင်ပါတယ် အရင်လိုစကားတွေပေါက်ပေါက်ဖောက်မပြောဖြစ်တော့ဘူး ကိုယ်ဘယ်လောက်သန်မာတယ် ဘယ်လောက်ယုံကြည်အားကိုးရလဲဆိုတဲ့အပိုင်းပဲပြချင်တော့ကျွန်တော့်ရဲ့ဝမ်းနည်းမှုအပိုင်းတွေအားနည်းချက်ရှိတဲ့အပိုင်းတွေကိုစုစည်းပြီးတိတ်တိတ်လေးဖွတ်ထားမိတယ်အသက်တွေကြီးလာလို့ သူငယ်ချင်းမိတ်ဆွေအပေါင်ယအသင်းတွေနဲ့ လူမှုပတ်ဝန်းကျင်ကိုကျင်လည်လာရတဲ့အခါ ထိုနည်းတူစွာပဲ ရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့ စိတ်ဓါတ်ပြင်းပြနေတဲ့ကျွန်တော် ဝန်ထုပ်ဝန်ပိုးတွေအကုန် တစ်ယောက်တည်းထမ်းဖို့ဆုံးဖြတ်မိလာတယ် သူငယ်ချင်းတွေကကိုယ့်ဆီရင်လာဖွင့်ကြရင်အကြံတွေပေးမယ် စဥ်းစားတတ်ပေးပေမယ့်ကျွန်တော်ကိုယ်တိုင်ကတခြားတစ်ယောက်ဆီရင်ဖွင့်ဖို့တိုင်ပင်ဖို့ကဝန်​လေးနေပြန်ရောအရမ်းကိုခတ်ခဲတယ်ထင်နေမိတယ် […]