ကမ္ဘာကြီး နာဖျားလေ ငါ မင်းကို ချစ်လေပဲ ဒီနွေဟာ ပူသလောက်ကို ငါ့ရင်ကပိုပူရတယ် အိမ်ပြန်ချိန်တွေ ဘယ်တော့များ လှပလာမလဲလို့ မင်း မေးတဲ့အခါ ငါက ပြုံးပြရုံသက်သက်သာ တတ်နိုင်တယ် အဆုံးထိ ငါ့လက်ကိုတွဲပါ။ ကျောခိုင်းလိုက်တိုင်း လမ်းခွဲတာ မဟုတ်ကြောင်း နှုတ်ဆက်တာမဟုတ်ကြောင်း မင်းနားလည်ပေးပါ….
လက်ဆောင် …
ဘုရားသခင်ဟာ ကျီစားသန်တယ်။ နံနံပင် မရှိမဖြစ်သူဆီ နံနံပင် မစားသူ ပို့ပေးလိုက်တယ်။ အမွှေးအကြိုင် အရွက်တွေ ကြိုက်သူဆီ အနံ့မခံနိုင်သူကို ပို့ပေးလိုက်တယ်။ အရွက်ဆို အကုန်စားသူဆီ အရွက်ဂျီးများသူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ ဆုလာဘ်ပေးတတ်တယ်။ စူပုပ်ပုပ် မိန်းကလေးဆီ အမြဲပြုံးနေသူ ပို့ပေးလိုက်တယ်။ စိတ်ဓာတ်ကျလွယ်သူဆီ အကောင်းမြင်တတ်သူ ပို့ပေးလိုက်တယ်။ အိပ်မပျော်သူဆီ ချော့သိပ်နိုင်သူ ပို့ပေးလိုက်တယ်။ ဘုရားသခင်ဟာ အေးချမ်းစေလိုတယ် […]
တစ်နေ့ …
အချိန်ဟာ ကုန်ခဲလွန်းလှ ငါတို့နေ့ကို ငါတို့မပိုင် ငါတို့ညကို ငါတို့မပိုင် သိပ်ကြာလွန်းတဲ့ အချိန်တွေပေါ့။ မအေးချမ်းခြင်း တရားထဲက အိုအေစစ်လေးရေ အပူပင်ကင်းကင်းနေ့တွေရောက်ရင် နေဝင်တာ ထိုင်ကြည့်ကြစို့။ ။