ပြန်လို့မရတော့တဲ့ တိုင်းပြည်ထဲကနေ အသက်လုခိုးဝှက် ခြုံဖြဲထွက်လိုက်ပြီးတဲ့နောက် ကျနော်အရင်ဆုံး ဝင်မိသွားတာက ဆဲဗင်းအလဲဗင်း။ အဲယားကွန်းအေးစိမ့်စိမ့်၊ ဘာသာစကား အေးစိမ့်စိမ့်လေးနဲ့ ဆဲဗင်းအလဲဗင်းထဲ တိုင်းပြည်လွမ်းစိတ်ကို ညနေဆို အရက်ဘီယာအများဆုံးဝယ်အားပေးတဲ့ တာဇံဟာ ကျနော်ဖြစ်သွားတယ်။ ရိုးရာနံ့သင်းတဲ့ ဟင်းတွေ၊ အင်ဖပ်နံ့မွှေးတဲ့ ဒေသစာတွေ၊ စကားရွှန်းဆို နှုတ်ခွန်းဆိုရင်း ရောင်းဝယ်ဖောက်ကားကြတဲ့ ပျော်စရာ ရွာဈေးရပ်ဈေးတွေ၊ ပြီးတော့ အကောင်အထည်လိုက်မြင် ခွင့်ရခဲ့တဲ့ အာဏာရှင်တွေ၊ ကုသိုလ်အကုသိုလ်နဲ့၊ […]
မငယ်တော့တဲ့အခါ …
လူစည်စည် အသံဆူဆူပျော်ပွဲရွှင် ပွဲတွေသွားဖို့ထက် လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပို နေချင် လာတယ် ။ အ ပေါ်ယံ မိတ်ဆွေများများစားစားရှိဖို့ထက် ရင် ဖွင့်ဖော်သူငယ်ချင်းတစ်ယောက်တစ် လေ လောက် ရှိ နေရင် ပဲ လုံလောက်လာတယ် ။ ဘာမဖြစ်လို့ သေ လောက် အောင် စိတ်ညစ်တယ် ဆိုတာ တွေ နည်းလာပြီး […]
အတိတ် …
နံဘေးမှာ အတိတ်တွေတောင်းတစ်လုံးနဲ့အပြည့် ကြာပြီမို့လို့ငြိမ်သက်သွားတာတွေရော လက်လက်ဆတ်ဆတ်မို့ တဖျက်ဖျက်လူးနေတာတွေရော ရင်ဘက်ထဲမှာတော့ ဒေါသကြောင့်ရတဲ့အပူတွေရယ် လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ် မောဟကြောင့်မောမှန်းမသိမောနေတာတွေရယ် သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ် တစ်နေ့ပေါ့… အားလုံးကိုလွှတ်ချနိုင်ခဲ့တနေ့ကျရင်တော့ လေဟုန်ကိုစီးပြီးအမြင့်ကြီးပျံနိုင်ဖို့ အတောင်ပံတွေတော့ရကောင်းပါလေရဲ့