ပြန်လို့မရတော့တဲ့ တိုင်းပြည်ထဲကနေ အသက်လုခိုးဝှက် ခြုံဖြဲထွက်လိုက်ပြီးတဲ့နောက် ကျနော်အရင်ဆုံး ဝင်မိသွားတာက ဆဲဗင်းအလဲဗင်း။ အဲယားကွန်းအေးစိမ့်စိမ့်၊ ဘာသာစကား အေးစိမ့်စိမ့်လေးနဲ့ ဆဲဗင်းအလဲဗင်းထဲ တိုင်းပြည်လွမ်းစိတ်ကို ညနေဆို အရက်ဘီယာအများဆုံးဝယ်အားပေးတဲ့ တာဇံဟာ ကျနော်ဖြစ်သွားတယ်။ ရိုးရာနံ့သင်းတဲ့ ဟင်းတွေ၊ အင်ဖပ်နံ့မွှေးတဲ့ ဒေသစာတွေ၊ စကားရွှန်းဆို နှုတ်ခွန်းဆိုရင်း ရောင်းဝယ်ဖောက်ကားကြတဲ့ ပျော်စရာ ရွာဈေးရပ်ဈေးတွေ၊ ပြီးတော့ အကောင်အထည်လိုက်မြင် ခွင့်ရခဲ့တဲ့ အာဏာရှင်တွေ၊ ကုသိုလ်အကုသိုလ်နဲ့၊ […]