Are You Ok လို့မေးလာခဲ့ရင် I’m ok, I’m Fine, ဆိုတာဟာအလိုလျှောက်ဖြေကြားခြင်းစနစ်လိုပဲ အမြဲတမ်းအဆင်ပြေပါတယ်လို့ပြောခဲ့ဖူးတယ် သန်မာချင်လွန်းတဲ့ကျွန်တော်ဟာ အားနည်းတယ်လို့ပြောကြမှာတခြားသူကိုမှီခိုရမှာမျိုးအရမ်းကြောက်ခဲ့ဖူးတဲ့အချိန်တွေပေါ့ ဟိုးအရင်တုန်းကရိုးသားစွာနဲ့ဘာမှဆိုပြောပြခဲ့ဖူးတယ် ဒီနေ့ကျောင်းမှာဘာဖြစ်လာတယ် သားသူငယ်ချင်းရဲ့အရုပ်ကအကြီးကြီးပဲ ကျောင်းကလူတွေဆိုသားကိုဘယ်လိုစနောက်ကြတယ် ပြီးတော့ဖြစ်ခဲ့သမျှအကုန်အိမ်ရောက်တာနဲ့အပြေးပြောပြတတ်တယ်အခြေနေအပြောင်းအလဲတွေကြားမှာကျွန်တော်ဟာတဖြေးဖြေးနဲ့အေးစက်လာခဲ့သလို အနေလဲဝေးလာတယ်ထင်ပါတယ် အရင်လိုစကားတွေပေါက်ပေါက်ဖောက်မပြောဖြစ်တော့ဘူး ကိုယ်ဘယ်လောက်သန်မာတယ် ဘယ်လောက်ယုံကြည်အားကိုးရလဲဆိုတဲ့အပိုင်းပဲပြချင်တော့ကျွန်တော့်ရဲ့ဝမ်းနည်းမှုအပိုင်းတွေအားနည်းချက်ရှိတဲ့အပိုင်းတွေကိုစုစည်းပြီးတိတ်တိတ်လေးဖွတ်ထားမိတယ်အသက်တွေကြီးလာလို့ သူငယ်ချင်းမိတ်ဆွေအပေါင်ယအသင်းတွေနဲ့ လူမှုပတ်ဝန်းကျင်ကိုကျင်လည်လာရတဲ့အခါ ထိုနည်းတူစွာပဲ ရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့ စိတ်ဓါတ်ပြင်းပြနေတဲ့ကျွန်တော် ဝန်ထုပ်ဝန်ပိုးတွေအကုန် တစ်ယောက်တည်းထမ်းဖို့ဆုံးဖြတ်မိလာတယ် သူငယ်ချင်းတွေကကိုယ့်ဆီရင်လာဖွင့်ကြရင်အကြံတွေပေးမယ် စဥ်းစားတတ်ပေးပေမယ့်ကျွန်တော်ကိုယ်တိုင်ကတခြားတစ်ယောက်ဆီရင်ဖွင့်ဖို့တိုင်ပင်ဖို့ကဝန်လေးနေပြန်ရောအရမ်းကိုခတ်ခဲတယ်ထင်နေမိတယ် အလုပ်ထဲမှာအဆင်မပြေတာဖြစ်ဖြစ် မိသားစုကိစတွေအဆင်မပြေတာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေပဲဖြစ်ဖြစ်သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ငါအဆင်ပြေပါတယ် အဆင်ပြေသွားမှာဆိုပြီးပဲ အဲ့လိုအတွေးနဲ့တင် နေသားကျနေတာအကျင့်တစ်ခုလိုဖြစ်နေတယ် သူငယ်ချင်းတွေကပြောတယ် သူတို့ဆီလာလည်းရတယ် ရင်လာဖွင့်ပါ တစ်ယောက်ယောက်ကိုပြောပြလိုက်မှ ကိုယ်လည်းဖြေသာရာရှိမှာပေါ့တဲ့ ဒါပေမယ့်အကြာကြီးတစ်ယောက်တည်းမြိုသိပ်လာခဲ့တဲ့ကျွန်တော့်အတွက်ကျ ဘယ်ကနေဘယ်လိုစပြီးရင်ဖွင့်ရမယ်ဆိုတာတောင်မသိတော့ပြန်ဘူးဒါပေမယ့်ကျွန်တော်ပြောခဲ့သလိုပါပဲ အဆင်ပြေလားဆိုတော့အဆင်မပြေဘူး ဝမ်းနည်းတယ် ပင်ပန်းတယ် ပေါက်ကွဲချင်တယ် ငိုချင်တယ် ခဏနားချင်တယ် အသက်ဝဝရှုချင်တယ်ပေါ့ပေါ့ပါးပါးနေချင်တယ် တကယ်တော့ကျွန်တော့မှာဖြစ်နေတာတွေအများကြီးပဲ ဘယ်သူ့ကိုမှမပြောခဲ့တာပဲရှိတယ် တစ်ခါတလေလောကကြီးကိုအပြစ်တင်မိတယ် လောကကြီးကမတရားဘူး ဘာလို့ငါ့ကိုဘယ်သူမှနားမလည်ကြတာလဲဆိုပြီးတော့ပေါ့ ဒါပေမယ့်အဓိကတရားခံကကျွန်တော်ကိုယ်တိုင်ပဲလေ ကိုယ်တိုင်အဆင်ပြေတယ်ဆိုတဲ့စကားနဲ့ကိုယ်အပါအဝင် သူများတွေကိုလိမ်ညာခဲ့သလို နံရံကြီးတစ်ခုခြားခဲ့တာလဲ ကျွန်တော်ကိုယ်တိုင်ပဲ ဘာမှမပြောပဲပါးစပ်ကြီးပိတ်ပြီး တစ်ယောက်တည်းနေခဲ့တာကလဲကျွန်တော်ကိုယ်တိုင်ပဲလေ အဲ့ဒီတော့ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့နောက်ဆုံးတော့နည်းနည်းဖွင့်ဟကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အဆင်မပြေဘူးဆိုမပြေဘူး နာကျည်ခံစားရတယ်ဆိုခံစားရတယ်ပေါ့ အဲ့ဒီလိုဆိုတော့ ကျွန်တော့်ကိုဖေးမတဲ့သူရှိသလို အတူတူမျှဝေပေးတဲ့သူတွေလဲရှိလာတယ် ပိုပျော်ပြီးရယ်မောရအောင်လုပ်ပေးတဲ့သူတွေလဲရှိလာတယ်အရင်ကထက်အများကြီးပိုပြီးရင်းနှီးလာတဲ့သူတွေလဲရှိလာတယ် ဒါကြောင့်ကျွန်တော်ပြောချင်တာကတစ်ခုခုဆို ဖွင့်ဟဖို့ကိုသတိရလိုက်ပါ ကျွန်တော်တို့အမြဲငါအဆင်ပြေတယ်ဆိုတဲ့စကားကြီးနဲ့ ကန့်ချတာ နံရံကြီးခြားပစ်လိုက်ကြတယ် အဲ့ဒီလိုကကြာလေ တစ်ယောက်တည်း ပင်ပန်းခတ်ခဲလာလေ အထီးကျန်လေလေ နာကျင်ရလေလေပဲ ဆိုတော့ကိုယ့်ဘက်ကနေ ခြေတစ်လှမ်းစဖို့ကြိုးစားကြည့်ပါ ဒါဆိုနောက်ခြေလှမ်းတွေဘယ်လိုစရမလဲအလိုလိုသိလာလိမ့်မယ် သိပ်ကိုအေးစက်လွန်းတဲ့ငါအဆင်ပြေပါတယ်ဆိုတဲ့စကားတစ်ခုကနေ တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့ ဆက်ဆံရေးမျိုးတွေရှိလာနိုင်တာပါပဲ